အသက် ၃၀ နောက်ပိုင်း မှီဝဲသင့်တဲ့ အသီးအနှံတွေ
အသက်ဘယ်လောက်ရှိပြီလဲ? အသက် ၃၀ ပြည့်ပြီဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီလိုပြောရတာက ဒီစာလေးထဲမှာ အသက် ၃၀ နောက်ပိုင်းမှာ မှီဝဲသင့်တဲ့ အသီးအနှံလေးတွေကို ပြောပြပေးထားတာကြောင့်ပါ။
ဘာတွေများဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
- ထောပတ်သီး
ထောပတ်သီးမှာ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်နေပါတယ်။ ထောပတ်သီးမှာ အကျိုးပြု အဆီဓာတ် ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေသလို ခန္ဓာကိုယ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
ထောပတ်သီးကို ကြိတ်ပြီး သောက်လို့ ရသလို ကင်စားတာ၊ နှမ်းလေးတွေနဲ့ သုပ်စားတာမျိုးတွေလည်း လုပ်ပေးလို့ ရပါတယ်။
- ကီဝီသီး
ဗီတာမင် စီ ပါဝင်နေသလို ပိုတက်ဆီယမ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ကီဝီသီးကို ဒီအတိုင်း စားပေးတာ၊ ဖျော်သောက်တာ၊ ပျားရည်နဲ့ တွဲဖက်စားပေးလို့လည်း ရပါတယ်။
- ကန်စွန်းဥ
ခရမ်းရောင်တောက်တောက် ကန်စွန်းဥတွေက ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကန်စွန်းဥ စားပေးတာက အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေသလို အာဟာရပြည့်ဝစေဖို့ရော ကိုယ်ခံအား ကောင်းစေဖို့ပါ ထောက်ကူပေးပါတယ်။
- ကိုက်လန်
အစိမ်းရင့်ရောင် ကိုက်လန်က ကယ်လ်ဆီယမ်၊ ဗီတာမင် စီ၊ ဘီတာကယ်လ်ရိုတင်း နဲ့ အခြားသော အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေပါတယ်။ ကိုက်လန်မှာ လူတင် ပါဝင်နေတာကြောင့် မျက်စိကျန်းမာစေဖို့ရော အရွယ်တင်စေဖို့ပါ ထောက်ကူပေးပါတယ်။
- ရွှေဖရုံသီး
အင်ဒီအောက်ဆီးဒင့် ပါဝင်နေတဲ့ ရွှေဖရုံသီးက အရေပြား ကျန်းမာစေသလို ပိုတက်ဆီယမ် ပါဝင်နေတာကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ရွှေဖရုံသီး စားပေးလို့ ရသလို ရွှေဖရုံသီးစေ့တွေလည်း စားပေးလို့ ရပါမယ်။
- ဟင်းနုနွယ်
ဟင်းနုနွယ်မှာ သံဓာတ်၊ ဖောလိတ် နဲ့ ဖလေဗာနွိုက်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်တင်စေဖို့ရော ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။
- လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင် စီ ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အသားအရေကို တင်းရင်း လှပစေသလို ကိုယ်ခံအား ကောင်းစေဖို့ပါ ထောက်ကူပေးပါတယ်။
- ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အမျှင်ဓာတ် ပါဝင်နေသလို အင်ဒီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် အရွယ်တင်စေနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ပန်းဂေါ်ဖီစိမ်း
ဗီတာမင် စီ ပါဝင်နေတာကြောင့် ပန်းဂေါ်ဖီစိမ်းက ကိုယ်ခံအား ကောင်းသလို အရေပြား ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ ဗီတာမင် ကေ ပါဝင်နေတာကလည်း သွေးခဲစေဖို့ ထောက်ကူပေးပါတယ်။ ပုံမှန် စားသုံးပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
မွန်မွန်